သတိရစိတ်ဆိုတာ  ချစ်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ စိတ်ရဲ့အကြည်ဓာတ်လေး

သတိရစိတ်ဆိုတာ ချစ်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ စိတ်ရဲ့အကြည်ဓာတ်လေး

Size
Price:

Read more


"အလွမ်း"

သတိရစိတ်ဆိုတာ 
ချစ်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့
စိတ်ရဲ့အကြည်ဓာတ်လေး ။

ဆူညံသံတွေပျောက်ဆုံး
အိပ်မောကျနေတဲ့ သန်းခေါင်ယံမှာ
ကြယ်ကြွေတွေကို ငေးမောရင်း
မင်းနဲ့နီးစပ်ဖို့  ဆုတွေတောင်းမယ် ။

စိတ်ဝိဥာဏ်မှာ အပြုံးလှလှလေးထင်ဟပ်
တစ်လောကလုံးကို မေ့လျော့ပြီး
စိတ်နဲ့မှန်းလို့ နမ်းလိုက်တယ် 
ငါ့အချစ်ကြောင့် ချစ်သောပျော်ပါစေ
ငါ့မေတ္တာကြောင့် နွေးထွေးပါစေ ။

ဆုံတွေ့ရတဲ့ တစ်နေ့...
အလွမ်းတွေကိုအတိုးချပြီး
ပွေ့ဖက်ထားမယ်...
မင်းမျက်နှာလေး 
အလွတ်ရအောင် ငေးကြည့်ရင်း
မြန်လာတဲ့ ရင်ခုန်သံတွေ ထိန်းချုပ်ဖို့
မင်းလက်ကလေးကိုလဲ တင်းတင်းကြပ်ကြပ်
ဆုပ်ကိုင်ထားဦးမယ် ။

မင်းမျက်နှာလေး ခိုးငေးရင်း
မျက်လုံးချင်းဆုံတဲ့အခါ 
နောက်ပြောင်ပြရင်း
အတူတူ ရယ်မောမယ် 
နှစ်ယောက်ထဲနဲ့လဲ
ကမ္ဘာတစ်ခု တည်ထောင်နိုင်ကြောင်း 
သက်သေပြမယ် ။

ရင်ခုန်သံတွေ နွေးထွေးနေသ၍ 
အိပ်မက်တွေလဲ အကောင်အထည်ဖော်နိုင်မှာပါ
မျှော်လင့်ချက်ဆိုတဲ့
နူးညံ့တဲ့ စိတ်ခံစားချက်လေးလဲ 
ရှင်သန်နေမှာပါ ။

-Jenny-

0 Reviews

Contact Form

Name

Email *

Message *