အချစ်နဲ့ပတ်သက်တဲ့ သင့်ရဲ့ စိတ်နေစိတ်ထား(Love psycho test)

အချစ်နဲ့ပတ်သက်တဲ့ သင့်ရဲ့ စိတ်နေစိတ်ထား(Love psycho test)

Size
Price:

Read more



အချစ်နဲ့ပတ်သက်တဲ့ သင့်ရဲ့ စိတ်နေစိတ်ထား(Love psycho test)

အချစ်နဲ့့ပတ်သက်ပြီး ကိုယ့်ရဲ့ စိတ်နေစိတ်ထားနဲ့ပတ်သက်ပြီး သိချင်သူတွေ အတွက် (Love psycho test) လေးတစ်ခုကို ပြောပြပေးချင်ပါတယ်။ဒီ မေး ခွန်းလေးတွေကတော့ အချစ်အပေါ်ထားတဲ့ သင့်ရဲ့ စိတ်နေစိတ်ထားတွေနဲ့ Re lationship တစ်ခုအပေါ် ထားတဲ့ သဘောထားနဲ့ပြဿနာကြုံလာရင် ဘယ် လို ရင်ဆိုင်ဖြေရှင်းတတ်လဲဆိုတာကို တစ်ဖက်လှည့်နည်းနဲ့ အဖြေထုတ်ခန့်မှနး် ထားတာပါ။အရေးအကြီးဆုံး အချက်ကတော့ မေးခွန်းတွေကို ဖြေပြီးမှ အဖြေကို ကြည့်ပါ။အဖြေကိုဖြေတဲ့ အခါမှာလည်း စိတ်ထဲမှာရှိတဲ့ အတိုင်း ရိုးရိုးသား သား ဖြေပေးပါ။

(၁)သင်ဟာ သင့်ကောင်လေး(သို့)ကောင်မလေးအိမ်ကို သွားနေတယ်ဆိုပါစို့။ အဲ့ဒီကိုရောက်နိုင်တဲ့ လမ်းနှစ်လမ်းရှိတယ်။တစ်လမ်းက လမ်းတိုတယ်၊လမ်းေ ပါ်မှာလည်း စိတ်ဝင်စားစရာကောင်းတာတွေမရှိဘူး။ပျင်းစရာကောင်းတယ်။ေ နာက်တစ်လမ်းကတော့ ပထမလမ်းထက် ပိုရှည်တယ်၊လမ်းပေါ်မှာလည်း စိတ် ၀င်စားစရာကောင်းတာတွေ အများကြီးရှိတယ်။အဲ့ဒီနှစ်လမ်းထဲက တစ်လမ်းကို ရွေးပါ။

(၂)လမ်းမှာ နှင်းဆီပန်းခြုံနှစ်ခုကို တွေ့မယ်။တစ်ခုကတော့ နှင်းဆီနီ၊တစ်ခုက အဖြူရောင်တွေ ပွင့်နေမယ်။သင်က ပန်းအပွင့်(၂၀)ခူးပြီး ချစ်သူကို ပေးမယ်။ဒီ ပန်းအရောင်နှစ်မျိုးကို တစ်မျိုးတည်းလား၊နှစ်မျိုးရောစပ်ပြီး ဘယ်နှစ်ပွင့်ဆီ ယူမှာလဲ..?

(၃)အိမ်ကိုရောက်သွားပြီ။အထဲက မိသားစုဝင်တစ်ယောက်က တံခါးလာဖွင့် ပေးတယ်။ချစ်သူဘယ်မှာ ရှိလဲဆိုပြီး မေးမှာလား၊ကိုယ့်ဟာ ကိုယ် ၀င်ပြီး တွေ့မှာလား.?

(၄)အခန်းဆီကို ရောက်ပါပြီ။အခန်းထဲမှာ ဘယ်သူမှ ရှိမနေဘူး။ပန်းတွေကို ဒီအတိုင်း ထားခဲ့မယ်လို့ သင်ဆုံးဖြတ်လိုက်တယ်။အိပ်ယာပေါ် တင်ထား ခဲ့မှာလား .? ပြူတင်းပေါက်ပေါ် တင်ထားခဲ့မှာလား..?

(၅)သင်နဲ့သင့်ချစ်သူက ခရီးတစ်ခုအတူသွားတယ်။အခန်းသီးသန့်နေ တယ်။ မနက်ရောက်ခဲ့ရင် သင်က ချစ်သူအခန်းကို သွားမယ်။သင်သွားတဲ့ အချိန်မှာ သူအိိပ်နေမယ်ထင်လား၊နိုးနေမယ်ထင်လား..?

(၆)နောက်ဆုံးမေးခွန်းပါ။ချစ်သူအိမ်ကနေ အိမ်ပြန်ချိန်ရောက်ပြီဆိုပါစို့။လမ်းတို ကနေ ပြန်မှာလား၊လမ်းရှည်ကနေ ပြန်မှာလား..?မေးခွန်းတွေ အားလုံးကို သေချာစဉ်းစားဖြေပြီးရင်တော့ အောက်က အဖြေကို ကြည့်လို့ရပါပြီ။

#အဖြေများ

(၁)ဒီနေရာမှာပြောတဲ့ လမ်းဆိုတာက သင့်ရဲ့ ချစ်ခရီးလမ်းကို ရည်ညွှန်းချင် တာပါ။လမ်းတိုကို ရွေးရင် သင်က လူတစ်ယောက်ကို လွယ်လွယ်ကူကူ အ ချိန်တိုတိုလေးအတွင်း ချစ်မိတတ်သူပါ။သင့်အတွက် အချစ်က အချိန်ယူဖို့ မလိုပဲ နှလုံးသားက ချစ်ချင်တယ်ဆိုရင် ချက်ချင်းကြီးလည်း ချစ်ပစ်လိုက်တတ်တဲ့ သူမျိုးပါ။ခရီးရှည်ဆိုရင်တော့ သင်က လူတစ်ယောက်ကို ချစ်ဖို့ အချိန် ယူတတ် သူပါ။လွယ်လွယ်နဲ့မချစ်တတ်သလို အချစ်ဆိုတာ အချိန်ယူစဉ်းစားရမယ့် အရာ၊အချစ်တစ်ခု ပေါက်ဖွားဖို့ အချိန်ယူမယ်ဆိုတဲ့ သူမျိုးပါ။

(၂)နှင်းဆီပန်းအရေအတွက်ကတော့ သင့်ရဲ့ relationship အပေါ်ထားတဲ့ Give & Take ညွှန်းတာပါ။အဖြူရောင်ကတော့ ချစ်သူဆီက ပြန်ပြီး တုံ ့ပြန်မှုကို သင်မျှော်လင့်နေတဲ့ (take)ပမာဏကို ရည်ညွှန်းတာပါ။အနီ ကတော့ သင်ကပေးတဲ့ Give ပမာဏပါ။ဥပမာ အနီ(၁၈)ပွင့် အဖြူနှစ်ပွင့်ဆိုရင် (၉၀) ရာခိုင်နှုန်းလောက် ချစ်သူကို ပေးဆပ်ပြီး သူ့ဆီကနေ တုံ့ပြန်မှု (၁၀)ရာ ခိုင်နှုန်းလောက်ကို မျှော်လင့်နေသူ၊(၁၀)ရာခိုင်နှုန်းလောက် ရရင်ကို ကျေနပ်ေ နတတ်သူပါ။အနီရောင်ချည်းဆိုရင်တော့ သင်က ချစ်သူကို ဘာမှမမျှော်လင့်ပဲ ပေးဆပ်မှုချည်းသက်သက်လုပ်ပေးချင်သူပါ။အဖြူကြီးဆိုရင်တော့ ကိုယ်က တစ် ခုပေးရင် သူ့ဆီကလည်း တစ်ခု ပြန်လိုချင်သူပါ။

(၃)ဒီမေးခွန်းကတော့ Relationship မှာပြဿနာကြုံလာရင် ဖြေရှင်းတတ်တဲ့ သင့်ရဲ့ ပုံစံပါ။တံခါး လာဖွင့်ပေးတဲ့ မိသားစုဝင်တစ်ယောက်ယောက်ကို မေးမယ် ဆိုရင်တော့ သင်က ပြဿနာကို ရှောင်တတ်သူပါ။ဘေးလူများဝင်ရှင်းပေးမ လားလို့ မျှော်လင့် တတ်သူပါ။ကိုယ့်ဟာကိုယ် ၀င်မယ်ဆိုရင်တော့ သင်က ပြဿနာတစ်ခုခု ပေါ်လာရင် ချက်ချင်းလက်၄င်း ကိုယ်တိုင် ရှင်းတတ်သူပါ။

(၄)ချစ်သူကို အချိန်တိုင်းတွေ့ချင်တာလား ဘယ်လိုမျိုးလဲ ဆိုတာကို ရည်ညွှန်း တာပါ။အိပ်ယာပေါ် တင်မယ်ဆိုရင်တော့ ချစ်သူမျက်နှာလေးကို အချိန်ပြည့် မြင်နေချင်တယ်ဆိုတဲ့ သူမျိုးပါ။ပြူတင်းပေါက်ဘောင်မှာ တင်မယ်ဆိုရင်တော့ သင်ဟာ ချစ်သူမျက်နှာကို အချိန်ပြည့်ကြီးတော့ တွေ့မနေချင်ဘူးဆိုတဲ့ သူမျိုးပါ။

(၅)နံပါတ်ငါးကတော့ သင့်ရဲ့ ချစ်သူရဲ့ personality အပေါ်ထားတဲ့ သင့််ရဲ့ သဘောထားပါ။အိပ်ပျော်နေတယ်ထင်ရင်တော့ သင်က သင်ချစ်သူကို သူဖြစ်ေ နလို့ကို ချစ်တာဆိုတဲ့ သူမျိုးပါ။နိုးနေတယ်ဆိုရင်တော့ ချစ်သူကို သင့်အတွက် ပြောင်းလဲပေးစေချင်တာမျိုး သင့်စိတ်ထဲမှာရှိနေပါတယ်။သူ့ရဲ့ အရှိအတိုင်း ကိုလည်း လက်ခံပေးနိုင်ပေမယ့် သင့်အတွက် သူများ တစ်ချို့အရာတွေကို ပြောင်းလဲပေးဖို့ မျှော်လင့်နေသူပါ။

(၆)အိမ်အပြန်လမ်းကတော့ သင့်အချစ်ရဲ့ သက်တမ်းပါ။လမ်းတို ဆိုရင်တော့ သင်က အချစ်ကို လွယ်လွယ်နဲ့အဆုံးသတ်တတ်သူ၊လမ်းရှည်ဆိုရင်တော့ တစ်စုံတစ်ယောက်ကို ချစ်ပြီဆိုရင်် အကြာကြီးချစ်တတ်ပြီး မေ့ပစ်ဖို့ အရမး်အချိန် ယူရတဲ့ သူမျိုးပါ။

0 Reviews

Contact Form

Name

Email *

Message *