Read more
ပျော်ရွှင်တဲ့ အချစ်ရေးလေးတည်ဆောက်ဖို့ ကိုယ့်ချစ်သူနဲ့အတူ လုပ်သင့်တဲ့ အရာလေးတွေ
တစ်စုံတစ်ယောက်ကို ချစ်မိတဲ့အခါ ကြည်နူးပျော်ရွှင်မှုကို ခံစားရတတ်ပါတယ် ဒါဟာ အချစ်ပါ။ ဒါပေမယ့် အချစ်ရေးတိုင်းက ပျော်စရာတွေနဲ့ ပြည့်နှက်မနေပါဘူး။ တစ်ခါတစ်လေ စိတ်မခန့််မသင့်မှုတွေကြောင့် စကားများရန်ဖြစ်မယ်၊ တစ်ခါတစ်လေ သဝန်တိုစိတ်မလိုမကျမှုတွေကြောင့် စိတ်ဆိုးစိတ်ကောက်ကြမယ်၊ အရမ်းဆိုးဝါးတဲ့ အခြေအနေတွေဆိုရင်တော့ လမ်းခွဲပြတ်စဲတဲ့အထိ ဖြစ်လာကြမယ်။ ကိုယ်တည်ဆောက်ထားတဲ့ အချစ်ရေးလေးကို ဘယ်သူကမှ ပြိုပျက်သွားတာမျိုးတော့ မလိုချင်ကြဘူး ဟုတ်။ ဒါဆိုရင်တော့ ကိုယ့်ရဲ့အချစ်ရေးလေးကို ကြည်နူးပျော်ရွှင်စရာတွေနဲ့ ပြည့်နေတဲ့ အချစ်ရေးလေးဖြစ်လာအောင် လွယ်လွယ်နဲ့ မပြိုကွဲကောင် ချစ်ရသူနဲ့ ဒီအချက်လေးတွေ လုပ်ဆောင်ကြည့်ပါ။
|
တစ်ယောက်အကြောင်း တစ်ယောက်သိအောင် လုပ်ပါ
ချစ်သူအဖြစ် ရွေးချယ်ထားပြီဆိုရင်တော့ ကိုယ်ရွေးချယ်လိုက်တဲ့ သူအကြောင်းကို အနည်းအကျဉ်းလောက်တော့ သိထားလောက်ပါပြီ ဒါပေမယ့် အတွင်းကျကျတော့ မသိနိုင်သေးပါဘူး။ ဒီတော့ တစ်ယောက်အကြောင်း တစ်ယောက်ပိုသိဖို့ စကားတွေအများကြီး ပြောကြည့်ပါ။ သူ့စိတ်ထဲမှာ ဘယ်လိုရှိတယ် သူဘာတွေကို ကြိုက်တတ်တယ်၊ ဘယ်လိုအရာတွေကို နှစ်သက်တတ်တယ် စသဖြင့်ပေါ့။ ချစ်သူအချင်းချင်း ဒီလိုစကားပြောတာက ဆက်ဆံရေးကို ပိုခိုင်မြဲစေပါတယ်နော်။
ပျော်စရာလေးတွေ ဖန်တီးပါ
တစ်ခါတစ်လေမှာ ကြိုက်တတ်တဲ့ ရုပ်ရှင်၊ ဂီတ အကြောင်းလေးတွေ အပြန်အလှန်ပြောတာ၊ ဟာသလေးတွေ ပြောတာ၊ စနောက်တာတွေက အချစ်ရေးတစ်ခုကို ပိုလှပသွားအောင် လုပ်ပေးနိုင်ပါတယ်။ အမှတ်တရလေးတွေဖန်တီးပြီး ပျော်ရွှင်တဲ့ အချစ်ရေးလေးကို တည်ဆောက်နိုင်ပါတယ်နော်။
သူငယ်ချင်း၊ မိသားစုတွေနဲ့ မိတ်ဆက်ပေးပါ
ကိုယ့်ရဲ့ချစ်ရသူကို ဘယ်လောက်တန်ဖိုးထားလဲ ပြချင်ရင်တော့ ကိုယ့်သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ မိတ်ဆက်ပေးတာမျိုး လုပ်သင့်ပါတယ်။ ဒါက တစ်ယောက်နဲ့တစ်ယောက် ပိုရင်းနှီးစေပြီး ပိုလေးနက်တဲ့ အချစ်ရေးကို တည်ဆောက်နိုင်ပါတယ်။
ချစ်ရသူနဲ့ ခရီးသွားပါ
ကိုယ်ချစ်ရသူနဲ့ ခရီးထွက်ရတာက တကယ့်ကို ကြည်နူးပျော်ရွှင်မှုကို ခံစားရစေမှာပါ။ ကိုယ်ချစ်ရသူနဲ့ ခရီးတိုလေးဖြစ်ဖြစ် သွားဖြစ်အောင် သွားကြည့်ပါ။ ဒါက အချစ်ခရီးလမ်းမှာ အမှတ်တရတွေ ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေမယ့် ခရီးလေးဖြစ်စေမှာ အသေအချာပါပဲ။
ချစ်သူရဲ့ မွေးရပ်ဇာတိမြို့လေးဆီ သွားလည်ပါ
ကိုယ့်ချစ်သူရဲ့ ဇာတိက တစ်ခြားမြို့လေးတစ်မြို့ဆိုရင် အဲဒီ့မြို့လေးဆီကို သွားလည်ကြည့်ပါ။ ကိုယ်ချစ်ရသူ နေထိုင်တဲ့ မြို့က ဘယ်လိုပုံစံရှိတယ်၊ ကိုယ့်ချစ်ရသူရဲ့ ငယ်ငယ်က အမှတ်တရတွေနဲ့ ပျော်စရာအချိန်လေးတွေကို ဖန်တီးနိုင်ပါတယ်။
ချစ်စရာကောင်းတဲ့ surprise လေးတွေ လုပ်ပါ
Surprise လုပ်တယ်ဆိုတဲ့ အဖိုးတန်တဲ့ လက်ဆောင်ပစ္စည်းတွေ ပေးမှ surprise ဖြစ်တာ မဟုတ်ပါဘူး။ ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေ၊ ချစ်စရာကောင်းတဲ့ အမှတ်တရတွေကလည်း surprise ဖြစ်စေပါတယ်နော်။ ဒါတွေက အချစ်ရေးကို ပိုပျော်စရာကောင်းပြီး ခိုင်မြဲတဲ့ အချစ်ရေးလေး ဖြစ်လာစေမှာ ဖြစ်ပါတယ်။
0 Reviews