လွယ်လွယ်အရှုံးမပေးတတ်ဘူးဆို       အရာရာ သင့်လက်ထဲမှာ ပါပဲ

လွယ်လွယ်အရှုံးမပေးတတ်ဘူးဆို အရာရာ သင့်လက်ထဲမှာ ပါပဲ

Size
Price:

Read more




" မဖတ်ဘဲ ကျော်သွားရင်တော့...
  သင်...ဘာမှ သိလိုက်မှာ မဟုတ်ပါဘူး"

      ကိုယ့်လက်ထဲမှာ 
      ပိုက်ဆံတစ်ပြားမှမရှိတဲ့အခါ ...
      လောကကြီးကသင့်ကို 
      လူတွေအကြောင်း သင်ပေးသွားပါလိမ့်မယ် ။

      သင်ဆုံးရှုံးမှုတွေနဲ့
      ရင်ဆိုင်ရပြီးဆင်းရဲမွဲတေနေတဲ့အခိုက်မှာ...

      စစ်မှန်ပါတယ်ဆိုတဲ့ မိတ်ဆွေတွေဆိုတာ
      ခင်မင်လှပါတယ်ဆိုတဲ့ မိတ်ဆွေတွေဆိုတာ 
      စာနာပါတယ်ဆိုတဲ့ မိတ်ဆွေတွေဆိုတာ
      ဘယ်လိုမျိုးလဲ သင့်ကို သင်ကြားပေးပါလိမ့်မယ် ။ 

      အဆင်ပြေနေတဲ့အချိန်...
      လက်ခုပ်ဝိုင်းတီးပေးတဲ့ မိတ်ဆွေထက်
      အဆင်မပြေတဲ့အခါ
      နှစ်သိမ့်စကားတစ်ခွန်းပြောပေးတဲ့
      မိတ်ဆွေက ပိုတန်ဖိုးရှိပါတယ် ။ 

    

     ပြဿနာတိုင်းက သင့်ကို...
     အဆုံးသတ်ဖို့ဖြစ်စေတာမဟုတ်ဘူး
     တကယ်တော့သင့်ကို လမ်းညွှန်ပေးတဲ့
     အရာတွေပါ ။

     အဆိုးတွေအားလုံးက သင့်ကို...
     အရှုံးပေးဖို့ဖြစ်စေတာမဟုတ်ဘူး 
     တကယ်တော့သင့်ကို
     အကောင်းဖက်ဘယ်လိုသွားရမလဲ
     သင်ပြပေးနေကြတာပါ ။

     ရုန်းကန်မှုအားလုံးက 
     သင့်ကို စိတ်ဓါတ်ကျစေဖို့ 
     ဖြစ်စေတာမဟုတ်ဘူး ။
     တကယ်တော့သင့်ကို 
     အောင်မြင်ခြင်းကို ဘယ်လို ယူရမလဲ
     သင်ပြပေးနေကြတာပါ ။

     လွယ်လွယ်အရှုံးမပေးတတ်ဘူးဆို 
     အရာရာ သင့်လက်ထဲမှာ ပါပဲ ။ 

    

     သူတစ်ပါးရဲ့လုပ်ရပ်ကြောင့်
     ကိုယ်ထိခိုက်ရပေမယ့်...
     ကိုယ့်လုပ်ရပ်ကြောင့် 
     သူတစ်ပါးကို မထိခိုက်စေနဲ့ ။

     သူတစ်ပါး စကားကြောင့်
     ကိုယ်စိတ်ဆင်းရဲရပေမယ့်...
     ကိုယ့်စကားတစ်ခွန်းကြောင့်
     သူတစ်ပါးစိတ်မဆင်းရဲစေနဲ့ ။

     သူတစ်ပါး ကြောင့် 
     ကိုယ်မျက်ရည်ကျရပေမယ့်...
     ကိုယ့်ကြောင့်...
     သူတစ်ပါးမျက်ရည်မကျစေနဲ့  ။ 

    

   “ လောကကြီးမှာ 
     လူတွေအားလုံးက အမြင့်ကိုရောက်ဖို့
     လှေကားတွေကိုနင်းတက်ကြတယ် ။
     ဒါပေမယ့် အဲ့ဒီလှေကားတွေကို
     ကျေးဇူးတင်ရကောင်းမှန်းမသိကြဘူး ” 

  “ အမြင့်မှာ ပျံသန်းနေတဲ့စွန်ဟာ 
    သူ့ကို ကြိုးနဲ့ချီပြီး မြေပြင်ကနေ
    ရစ်ဘီးလေးကိုင်လို့ မျှေ ာ်ကြည့်နေသူကို
    မေ့နေတတ်တယ် ”

  “ ကိုယ့်ဘ၀ရဲ့ တန်ဖိုး 
    ကိုယ်ဘယ်လို ဖြစ်လာသလဲဆိုတာ
    ဘယ်နေရာရောက်ရောက်...
    ဘယ်အခြေအနေမှာဖြစ်ဖြစ်...
    မမေ့ဖို့အရေးအကြီးဆုံးပါပဲ ”

    သုညဆိုတာ 
    သူ့ဘာသာနေရင်တော့...
    တန်ဖိုးမရှိဘူးထင်ကြလိမ့်မယ်။
    ဒါပေမယ့် သူ့ရှေ့က ဂဏန်းတွေကိုတော့ 
    တန်ဖိုးအမြင့်ဆုံးရောက်အောင်
    မြှင့်တင်ပေးနိုင်ပါတယ် ။

     မိန်းမ ဆိုတာ 
     ----------------

    တခါတေလ 
    စိတ်ဆိုးနေတာက 
    တကယ်စိတ်ဆိုးတာ 
    ဟုတ်ချင်မှမဟုတ်မယ် ။
  “ ကိုယ့်ကိုနားလည်ပေးစေချင်လို့...
    တမင်စိတ်ဆိုးပြနေတာလည်းဖြစ်နိုင်တယ် ” 

    တခါတေလ 
    အခေါ်အပြောမလုပ်တာက
    တကယ် မပြောချင်လို့ 
    ဟုတ်ချင်မှမဟုတ်မယ်။
    “ ကိုယ့်ကို စတင်ဆက်သွယ်အောင်...
      တမင်အဖက်မလုပ်ပြတာလည်းဖြစ်နိုင်တယ် ” 

    တခါတေလ 
    မျက်ရည်ကျတာက 
    တကယ် ၀မ်းနည်းမှုသက်သက်နဲ့
    ကျတာဟုတ်ချင်မှမဟုတ်မယ်။
    “ နားမလည်ရကောင်းလားဆိုပြီး
    နာကျင်မှုကြောင့် ကျတာလည်းဖြစ်နိုင်တယ် ” 

    ကမ္ဘာ ပေါ်မှာ 
    ၀မ်းသာတာရော ၀မ်းနည်းတာရော..
    မျက်ရည်တွေနဲ့ငိုပြီး
    ဖော်ပြတတ်တာ မိန်းမတွေပဲ ။

    ကမ္ဘာ ပေါ်မှာ 
    ဆင်းရဲတွင်းမှန်းသိသိကြီးနဲ့ 
    အချစ်တစ်ခုတည်းနဲ့
    ခုန်ဆင်းတတ်ကြတာလည်း မိန်းမတွေပဲ ။

     ကမ္ဘာ ပေါ်မှာ 
     ကိုယ့်ကို နာကျင်စေမှန်းသိသိနဲ့
     လက်မလွှတ်တတ်ကြတာလည်းမိန်းမတွေပဲ ။ 

     နောက်ဆုံး 
     “ ကိုယ်လုပ်ခဲ့တာတွေအတွက် 
     နောင်တ မရတတ်တာလည်း မိန်းမတွေပဲ ”

     

     ကိုယ့်ကို လိမ်နေမှန်းသိလျက်နဲ့ 
     ခေါင်းညှိတ်ပေးနေတတ်တဲ့သူတွေရှိတယ် ။

     ကိုယ့်ကို လှည့်ဖျားနေမှန်းသိလျက်နဲ့
     ကြည်ဖြူပေးနေတဲ့သူတွေရှိတယ် ။

     ကိုယ့်ကို မစစ်မှန်မှန်းသိလျက်နဲ့
     စစ်မှန်တဲ့ မေတ္တာပေးနေတဲ့သူတွေရှိတယ် ။

    “ တကယ်တော့ 
     သူတပါးစိတ်ချမ်းသာစေဖို့....
     လိုက်လျောပေးနေကြတာပါ။
     “ အ ” လွန်းလို့တော့မဟုတ်ကြဘူး ”


***သုတရသ***

0 Reviews

Contact Form

Name

Email *

Message *