သီချင်းနားထောင်ခြင်းကနေရရှိလာမယ့် ကျန်းမာရေးကောင်းကျိုး(၃)မျိုး

သီချင်းနားထောင်ခြင်းကနေရရှိလာမယ့် ကျန်းမာရေးကောင်းကျိုး(၃)မျိုး

Size
Price:

Read more




သီချင်းနားထောင်ခြင်းကနေရရှိလာမယ့် ကျန်းမာရေးကောင်းကျိုး(၃)မျိုး

ဂီတဟာ လူကို နူးညံ့သိမ်မွေ့အောင် ပြုလုပ်ပေးနိုင်ပါတယ်။ သီချင်းနားထောင်ခြင်းကြောင့် အပျင်းပြေစေရုံတင် မဟုတ်ဘဲ ထူးခြားတဲ့ ကျန်းမာရေး ကောင်းကျိုးတွေပါ ရရှိနိုင်ပါတယ်။

(၁) စိတ်ကြည်လင်အေးချမ်းစေတယ်



ငြင်သာတဲ့ တီးလုံးနဲ့ အေးချမ်းတဲ့ စည်းချက်တွေဟာ လူကို သက်တောင့်သက်သာ ဖြစ်စေပါတယ်။ ညဘက် အိပ်မပျော်နိုင်သူတွေအတွက် သဘာဝအသံတွေ ထည့်သွင်းထားတဲ့ တေးသွားတွေက နှစ်ခြိုက်စွာ အိပ်စက်နိုင်အောင် အကူအညီပေးပါတယ်။
စိတ်ကြည်လင်စေတဲ့ တီးလုံးသံစဉ်တွေ နားထောင်ခြင်းဟာ စိတ်အာရုံကို ပိုစုစည်းနိုင်စေနိုင်ပါတယ်။ စိတ်ဖိစီးနေချိန်မှာ အေးချမ်းတဲ့ တူရိယာသံတွေ နားထောင်ပေးမယ်ဆိုရင် မွန်းကြပ်မှုကနေ သက်သာရာရနိုင်ပါတယ်။

(၂) သွေးကြောတွေ ဖြေလျှော့ပေးတယ်




ပျော်စရာသီချင်းတွေ နားထောင်ခြင်းက သွေးကြောတွေ ချဲ့ပေးပြီး သွေးစီးဆင်းမှု ပိုများစေပါတယ်။ ဒါဟာ နှလုံးကျန်းမာရေး အားပေးတဲ့ လက္ခဏာလည်း ဖြစ်တယ်လို့ မေရီလန်းတက္ကသိုလ် သုတေသနက ဆိုပါတယ်။နှလုံးရောဂါရှင်တွေကို ရွှင်မြူးစရာ သီချင်းတွေ နားထောင်စေရာမှာ နှလုံးခုန်နှုန်း နဲ့ သွေးဖိအား လျော့ကျစေပြီး စိတ်ရှုပ်ထွေးမှုကို သက်သာစေတာ တွေ့ရပါတယ်။

(၃) ဖန်တီးဉာဏ်ပိုကောင်းစေတယ်




ကလေးတွေကို ဂီတတူရိယာတီးခတ်နည်း သင်ပေးတာဟာ ဦးနှောက်ရဲ့ ဉာဏ်ကွန့်မြူးမှုကို ထက်သန်စေသလို ဦးနှောက်ရဲ့ အသံပေါ် တုန့်ပြန်မှုလည်း ပိုသွက်လက်လာစေပါတယ်။ ဂီတဟာ လူ့စိတ်ကို လွတ်လပ်စွာ ကွန့်မြူးခွင့်ပေးတဲ့ အနုပညာရပ်ဖြစ်လို့ ဂီတသံစဉ်တွေ နားထောင်ခြင်း ၊ တီးခတ်ခြင်းဟာ ဖန်တီးမှုကို အားပိုကောင်းစေပါတယ်။




0 Reviews

Contact Form

Name

Email *

Message *