တက္ကသိုလ် မပြီးခင်မှာ မဖြစ်မနေ လေ့လာ တတ်မြောက်ထားရမယ့် အရာများ

တက္ကသိုလ် မပြီးခင်မှာ မဖြစ်မနေ လေ့လာ တတ်မြောက်ထားရမယ့် အရာများ

Size
Price:

Read more



ခေတ်ကြီးက တဖြည်းဖြည်း တိုးတက်နေပါပြီ။ အလုပ်အကိုင် အခွင့်အလမ်းတွေကလည်း ရှိလို့နေပါတယ်။ ဒါပေမဲ့ ကိုယ့်မှာ ကိုက်ညီတဲ့ အရည်အချင်းတွေ ရှိမထားရင်တော့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှိနေလည်း အသုံးမဝင်ပါဘူး။ တက္ကသိုလ်မှာ သင်တာတွေက မလုံလောက်ဘူးဆိုတာ လက်တွေ့ ဘဝကို ဖြတ်သန်းသူတိုင်း သိပါတယ်။ ဒါကြောင့် တက္ကသိုလ်ပြီးမှ လိုအပ်တာတွေ ဆက်သင်မယ် စဉ်းစားရင်တော့ အချိန်တွေ ပိုကုန်စေမှာပါ။ တက္ကသိုလ်တက်နေရင်း လေ့လာထားမှသာ တက္ကသိုလ်ပြီးတဲ့အချိန်မှာ ဆက်လျှောက်မယ့် အရာတွေ အတွက် အဆင်သင့် ဖြစ်မှာမို့ ဒါတွေကို လေ့လာ တတ်မြောက်ထားသင့်ပါတယ်။



(၁) ကွန်ပျူတာ အသုံးပြုတတ်ရမယ်

နည်းပညာခေတ်ထဲမှာ လူတိုင်း ဖုန်းသုံးတတ်သလို ကွန်ပျူတာလည်း သုံးတတ်နေဖို့ လိုအပ်ပါတယ်။ အင်တာနက်သုံးတတ်ရမှာ ဖြစ်သလို ကွန်ပျူတာသုံးတဲ့အခါမှာလည်း ရုံးသုံးဆော့ဝဲလ်တွေလည်း အသုံးပြုတတ်နေမှသာ ဘယ်အလုပ်အတွက်မဆို အဆင်ပြေတာပါ။ လုပ်ငန်းနယ်ပယ်အလိုက် သက်ဆိုင်ရာ လိုအပ်မယ့် ဆော့ဝဲလ်တွေကို ကျောင်းမပြီးခင်မှာတည်းက အသုံးပြုတတ်အောင် သင်ထားသင့်ပါတယ်။ ကွန်ပျူတာကို ဖြောင့်အောင် မသုံးတတ်ဘူးဆိုရင်တော့ ဖုန်းမသုံးတတ်လို့ ဖြစ်ရတဲ့ အခက်အခဲမျိုးနဲ့ အလားသဏ္ဍာန်တူစွာ ခံစားရမှာပါ။

၀င်ပြီးသားငြွေပန်မထွက်စေဖို့ သိသားသင့်တဲ့ဆောင်ရန်၊ ရှောင်ရန်များ

သူငယ်ချင်းတွေနဲ့ တက္ကသိုလ်တက်တုန်းမှာ စကား ပြောဆိုရတာက ရင်းနှီးမှုကြောင့်လည်း ဖြစ်ပါတယ်။ ဒီလို ရင်းနှီးမှုကြောင့် ပေါ့ပေါ့ပါးပါး ဖြစ်နေတဲ့ ကျောင်းသားအရွယ်မှာ စကားပြောတာကို လေ့ကျင့်ထားသင့်ပါတယ်။ ကျောင်းပြီးလို့ အပြင်လောကထဲ ရောက်ပြီး လုပ်ငန်းခွင်ထဲ ရောက်တဲ့အခါ လူအများနဲ့ ဆက်ဆံပြောဆိုရမှာဖြစ်ပါတယ်။ ဒီလိုအချိန်မှာ သင်သာ စကားကိုလိမ္မာပါးနပ်စွာ ပြောတက်ဆိုတက်မယ်ဆိုရင် လုပ်ငန်းခွင်မှာပိုအဆင်ပြေပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံရေးကို ရရှိစေမှာပါ။

(၃) ကိုယ့်ကိုယ်ကို ယုံကြည်မှု

ကိုယ့်ကိုယ်ကိုတောင် ယုံကြည်မှု ရှိတဲ့ဟန် မရှိနေရင် တစ်ခြားသူက လာယုံပေးဖို့ဆိုတာ မလွယ်ကူပါဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိနေတဲ့သူတစ်ယောက်ကို လူတွေက နှစ်သက်လေ့ ရှိပြီး ဒါက ကိုယ့်အရည်အချင်းကိုယ် ယုံကြည်တယ်လို့ဆိုတဲ့ သဘောလည်း ပါနေတာမို့ လူတွေရဲ့ အသိအမှတ်ပြုခြင်းကို သေချာပေါက်ခံရမှာပါ။ ကုတ်ချောင်းချောင်းနဲ့ဆိုရင်တော့ သင့်ကို အနိုင်ကျင့်မယ့်သူပါ ပေါ်ချင် ပေါ်လာနိုင်ပါတယ်နော်။

(၄) ဘာသာစကား

ဒီနေ့ခေတ်ထဲမှာ ဘာသာစကား တစ်မျိုးတည်း တတ်ရုံနဲ့ မလုံလောက်တော့ပါဘူး။ လုပ်ငန်းရှင်တွေကလည်း လိုချင်တဲ့အချက်တွေ များတာကြောင့် သင့်မှာ လိုအပ်တဲ့ အရည်အချင်းတွေ ဖြည့်ထားဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ဘာသာစကား တစ်မျိုးထက် ပိုပြီး တတ်ထားတာက သင့်အတွက် ဘာသာပြန်အလုပ်နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေမှာ ပြန်လည်လုပ်ကိုင်နိုင်ပါတယ်ျ
(၅) ဗဟုသုတ နှံ့စပ်မှု

ဒီနေ့ခေတ်ထဲမှာ တစ်ခုတည်း သိရုံနဲ့ မလုံလောက်တော့ပါဘူး။ သူများထပ် တစ်ပန်းသာချင်ရင်တော့ ဒီခေတ်နဲ့ ဆိုင်တဲ့ သိသင့်သိထိုက်တဲ့ အရာမှန်သမျှကိုသိထားဖို့ လိုအပ်ပါတယ်။ နည်းပညာပိုင်းဆိုင်ရာလည်း သိထားသင့်သလို အသက်မွေးကြောင်း အလုပ်တွေ အကြောင်းလည်း သိထားဖို့ လိုအပ်ပါတယ်။ ဘယ်နယ်ပယ်က ဘယ်လိုအလုပ်တွေက လုပ်ခလစာ ဘယ်လောက်ရှိတယ် ဘာတွေ လုပ်ရတယ်ဆိုတာတွေ သိထားမှသာ ကိုယ့်အတွက် ဘယ်လို လမ်းကြောင်းမှာ ရမလဲဆိုတာကို စဉ်းစားလို့ ရမှာပါ။ ဒါ့အပြင် ဗဟုသုတ နှံ့စပ်တဲ့သူက တစ်ခြားသူ လှည့်ပတ်တာမျိုးကိုလည်း မခံရစေပါဘူး။

ဒါကြောင့်မို့ ကျောင်းမပြီးခင် သင်သည့်သမျှ အကုန်သာ သင်ပြီး လေ့လာလေ့ကျင့်ထားတာက အကောင်းဆုံးပါနော်။



0 Reviews

Contact Form

Name

Email *

Message *