သင်ကိုယ်တိုင်တောင် မသိလိုက်ဘဲ သင်က ဆွဲဆောင်မှုရှိကြောင်းပြသနေတဲ့ အချက် (၇) ချက်

သင်ကိုယ်တိုင်တောင် မသိလိုက်ဘဲ သင်က ဆွဲဆောင်မှုရှိကြောင်းပြသနေတဲ့ အချက် (၇) ချက်

Size
Price:

Read more



ကျွန်မတို့ အများစုက လူတွေ ကျွန်မတို့အပေါ် ဘယ်လိုမြင်လဲ သိချင်ကြပါတယ်။ကျွန်မတို့က လူတွေရဲ့ ကိုယ့်အပေါ် အမြင်ကို ဂရုစိုက်ကြပါတယ်။ ဘာလို့ ဂရုစိုက်တာလဲဆိုတော့ လူတွေက သင့်ကို မြင်တဲ့ပုံစံအတိုင်း သင့်ကို ဆက်ဆံကြလို့ပါ။ သင်က Social Media ပေါ်မှာ ဘယ်လောက်ထိမိုက်လဲ.. ခန္ဓာကိုယ်ဘယ်လောက်ထိလှလဲ.. အပြုံးလေးဘယ်လောက်ထိလှလဲစသဖြင့် ဒီအချက်တွေပေါ် အခြေခံပြီး ဆက်ဆံပုံ ကွဲပြားသွားတတ်ပါတယ်။

ဒါပေမဲ့ လှပတဲ့ ခန္ဓာကိုယ်…လှပတဲ့ အချစ်ရေးတွေရှိမှ သင်က ဆွဲဆောင်မှုရှိတာမဟုတ်ပါဘူး။ သင်ကိုယ်တိုင်မသိလိုက်ဘဲ သင်က ထင်ထားတာထက် ဆွဲဆောင်မှုရှိတယ်ဆိုတာ ဒီအချက်တွေက ပြသနေပါတယ်။

၁။ သင်က လူတွေရဲ့ ချီးကျူးတာ သိပ်မခံရဘူး
သင်က လူတွေရဲ့ ချီးကျူးခြင်း မခံရဘူးဆိုတော့ သင့်ကိုယ်သင် မလှဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမဲ့ ဒါရဲ့ ဆန့်ကျင်ဘက်ကတော့ ပိုမှန်နေပါတယ်။ ဒါကတော့ သင်က လှပြီးသား ဆွဲဆောင်မှုရှိပြီးသား လူတစ်ယောက်မို့ လူတွေက သိပ်မချီးကျူးကြတော့တာပါ။ သူတို့က ဒါကို သိပြီးသားဖြစ်နေလို့ သိပ်မပြောတော့ပါဘူး။

၂။ သူစိမ်းတွေက သင့်ကို လိုက်ကြည့်တတ်တယ်

သင်က လူကြားထဲ သွားတဲ့အချိန် လူတွေဝိုင်းကြည့်ခံရပြီး စိတ်မသက်မသာဖြစ်ရတတ်ပါတယ်။ ဒါပေမဲ့ ဒီလိုလူတွေလိုက်ကြည့်ရခြင်း အကြောင်းက သင်ဟာ ဆွဲဆောင်မှုရှိလို့ပါ။

၃။ လူတွေက သင်နဲ့ခင်ချင်ကြတယ်

လူတွေက သင်နဲ့ စစတွေ့ချင်းမှာပဲ သင့်ကိုစကားလာပြောကြတယ်။ မိတ်ဆွေလာဖွဲ့တယ်ဆိုရင် သင်က ဆွဲဆောင်မှုရှိတဲ့လူတစ်ယောက်ဖြစ်နေလို့ပါ။

၄။ လူတွေက သင့်နားမှာရှိရင် အမူအရာပြောင်းလဲသွားကြတယ်

လူတွေက သင်လာရင် အူကြောင်ကြောင်ပုံစံလေးတွေဖြစ်သွားတတ်ပါတယ်။ သင်နဲ့ စကားပြောရတာလည်း သူတို့အတွက် အခက်အခဲဖြစ်တတ်ပါတယ်။ သင့်ကို ဘယ်လိုစကားစပြောရမလဲ သူတို့ မသိတော့ပါဘူး။ ဒါက သင်ဟာ ဆွဲဆောင်မှုရှိတဲ့ လူတစ်ယောက်ဆိုတာ ပြသနေပါတယ်။

၅။ လူတွေက သင့်အားနည်းချက်တွေကို ကြားရတဲ့အခါ အံ့သြတတ်ကြတယ်

ကျွန်မတို့ ချစ်တဲ့ လေးစားတဲ့ သူတွေဆိုရင် အားနည်းချက်တွေကို ရှာမတွေ့နိုင်တဲ့အထိ သဘောကျတတ်ကြပါတယ်။ ဒါပေမဲ့ လူတိုင်းမှာ အားနည်းချက်တွေ မလုံခြုံမှုတွေရှိတတ်ကြပါတယ်။ သင့်ကို နှစ်သက်တဲ့သူတွေကတော့ သင့်အားနည်းချက်တွေကို သိပ်မမြင်ကြတော့ပါဘူး။ သင်ပြောလိုက်တဲ့အချိန်မှ တအံ့တသြနဲ့ အဲ့လောက်ထိ မဟုတ်ကြောင်းပြောတတ်ကြပါတယ်။


၆။ လူတွေက သင်နဲ့ပတ်သက်ရင် ခံစားချက်ပြင်းထန်ကြတယ်

တချို့လူတွေက သင့်ကို တွေ့တာနဲ့ အလိုလို ဒေါသထွက်တတ်ကြပါတယ်။ ဘာအကြောင်းမှ မရှိဘဲကို Feeling အကြီးကြီးတွေ သင့်အပေါ်ထားတတ်ကြပါတယ်။ ဒါက သူတို့ဟာ သင်ဆွဲဆောင်မှုရှိတဲ့အပေါ် မနာလိုဖြစ်ကြတာပါ။

၇။ သင်က ချစ်ရေးချစ်ရာမှာ လက်မလည်ဘူး

သင်က ရည်းစားတစ်ယောက်နဲ့ ပြတ်ပြီး Single ဖြစ်သွားတယ်ဆိုရင်လည်း သိပ်မကြာခင်မှာ သင့်ကို စိတ်ဝင်စားတဲ့လူပေါ်လာတတ်ပါတယ်။ ပြောရရင် အချစ်ကိစ္စတွေနဲ့ အမြဲခေါင်းရှုပ်နေတတ်ပါတယ်။ ဒါက သင်ဟာ ဆွဲဆောင်မှုရှိတဲ့ လူတစ်ယောက်ဆိုတာ ပြသနေတာပါ။

ဒီအချက်တွေထဲက ဘယ်နှစ်ချက်နဲ့ ကိုက်ညီနေပြီလဲ။ တစ်ချက်လောက်နဲ့ ကိုက်ညီနေတယ်ဆိုရင်တောင် သင်က ဆွဲဆောင်မှုရှိတဲ့ လူတစ်ယောက်ဖြစ်နှင့်နေပါပြီ။


0 Reviews

Contact Form

Name

Email *

Message *