“သူငယ်ချင်း” ဆိုတာက ပြောရတာလွယ်သလောက် တကယ်တမ်း ဘဝမှာ အရမ်းအရေးပါပြီး အဓိပ္ပါယ်လည်း နက်ရှိုင်းပါတယ်။

“သူငယ်ချင်း” ဆိုတာက ပြောရတာလွယ်သလောက် တကယ်တမ်း ဘဝမှာ အရမ်းအရေးပါပြီး အဓိပ္ပါယ်လည်း နက်ရှိုင်းပါတယ်။

Size
Price:

Read more



သူငယ်ချင်းကောင်းကို တန်ဖိုးထားတတ်ဖို့ အရေးကြီးသလို သာပေါင်းညာစားသူငယ်ချင်းတွေကိုလည်း ရှောင်တတ်ဖို့က အရေးကြီးပါတယ်။ ကိုယ်အပေါ်ရောက်နေတဲ့အချိန် ကိုယ့်ဘေးနားကပ် လေချိုလေးသွေးနေပြီး ကိုယ်အောက်ကျတဲ့အခါကျမှ ထွက်သွားတတ်တဲ့ အတုအယောင်တွေ အများကြီးပါပဲ။ တစ်ခါတစ်လေကျတော့ သူငယ်ချင်းကို ခင်တွယ်တဲ့စိတ်ကများပြီး ဘာမှမမြင်ဖြစ်တတ်ပါတယ်။ ဥပမာတစ်ခုပြောရရင် ကိုယ်နဲ့အရမ်းခင်တဲ့သူငယ်ချင်း တစ်ယောက်ကို မိဘတွေက “အဲ့သူငယ်ချင်းက ကောင်းမယ့်ပုံလည်း မပေါ်ဘူး သူ့ကိုမပေါင်းနဲ့” လို့ပြောတဲ့အခါ သူငယ်ချင်းဘက်ကနေပြီးတော့တောင် မိဘနဲ့ပြိုင်ငြင်းမိကြတဲ့အချိန် ရှိတယ်လေ။ ကျွန်တော်လည်း ကောင်းကောင်းကြီးကို ငြင်းခဲ့ဖူးပါတယ် မေမေတို့ သူ့အကြောင်းဘာသိလို့လဲပေါ့၊ သူကဘယ်လိုကောင်းတာ ဆိုပြီး ကိုယ့်သူငယ်ချင်းကို ကာကွယ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ ကျွန်တော်သေချာ စဉ်းစားမိလာတယ်။ တစ်ချို့က မိဘတွေပြောတဲ့အတိုင်း ကိုယ့်သူငယ်ချင်းက ကိုယ်ထင်သလိုမဟုတ်တာမျိုး ကြုံခဲ့ဖူးတယ်။ ဒီလိုမဟုတ်ပဲ မိဘတွေပြောတာနဲ့ ဆန့်ကျင်ဘက် တကယ်ကောင်းတဲ့သူတစ်ယောက် ဖြစ်နေတာမျိုးလည်း ကြုံဖူးတယ်။ မိဘတွေကလည်း အရာရာတော့ မမှန်နိုင်ဘူးပေါ့ ဒါပေမယ့် ကိုယ့်ထက်အတွေ့အကြုံများသူမို့ သူတို့ပြောတာတွေကို သေချာစဉ်းစားဖို့ လိုပါတယ်နော် မှန်တာလည်း ဖြစ်နိုင်တယ်၊ မှားတာလည်း ဖြစ်နိုင်တယ်လေ။ အဲ့တော့ ကိုယ့်ဘာသာ သေချာသုံးသပ်ပါ ကိုယ့်သူငယ်ချင်းက သာပေါင်းညာစားမျိုးလား၊ တကယ်သူငယ်ချင်းကောင်လား ဆန်းစစ်ပြီး အကဲခတ်ပါနော်။ သံသယတွေပွားနေဖို့ ပြောတာမဟုတ်ပါဘူး အကဲခတ်ကြည့်ဖို့ ပြောတာပါ။

ဒီလိုသေချာလေ့လာတာမျိုး မရှိဘူးဆိုရင် နောက်ပိုင်းကျ ကိုယ်ပဲထိခိုက်မှာပါ။ ဘာလို့ဆို သူငယ်ချင်းဆိုတာက ကိုယ့်အတွက် အကြီးမားဆုံးသော အားအင်ဖြစ်သလို ဓားသွားတစ်ခုနဲ့လည်း တူပါတယ် အခန့်မသင့်ရင် ကိုယ့်ကို ထိုးမိနိုင်တာပေါ့။ လက်တွေ့ဘဝကျပြန်တော့လည်း အားအင်တွေကနည်းပြီး ဓားသွားတွေက ခပ်များများရယ်လေ အဲ့တော့ ပိုသတိထားရပါမယ်နော် သူငယ်ချင်းအပေါင်းမှားလို့ ပျက်စီးသွားရတာရှိတယ် သူငယ်ချင်းကောင်းမှုကြောင့် တိုးတက်လာရတာလည်း ရှိတယ်။ သူငယ်ချင်းကောင်းမကောင်းက ကိုယ့်ဘဝတက်လမ်း ပျက်စီးမှုနဲ့ အများကြီးသက်ဆိုင်နေတာမို့ သေချာသုံးသပ်ဖို့ လိုပါတယ်နော်။
တစ်ခုအရေးကြီးတာက သူငယ်ချင်းကောင်း လိုချင်ရင် ကိုယ်က အရင်ဆုံး သူငယ်ချင်းကောင်း ဖြစ်ဖို့လိုပါတယ်။ အားလုံးပဲ အားအင်ဖြစ်တဲ့ သူငယ်ချင်းကောင်းတွေ အများကြီး ရနိုင်ပြီး ဓားသွားလို သူငယ်ချင်းမျိုးကို ရှောင်ရှားနိုင်ကြပါစေနော်။


0 Reviews

Contact Form

Name

Email *

Message *