စိတ်ချမ်းသာစွာ နေတတ်ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးလေးများ
စိတ်ချမ်းသာအောင် နေဖို့ဆိုတာ မလွယ်ပါဘူး။ ဖိစိးမှုတွေ များတဲ့ ကမ္ဘာကြီးမှာ စိတ်ညစ်စရာတွေနဲ့ နေ့ရက်တွေမှာ ပင်ပန်းနေကြရပေမယ့် စိတ်ချမ်းသာအောင် နေဖို့တော့ လိုပါတယ်။ ကိုယ့်စိတ်ချမ်းသာမှုကို ကိုယ် ဖန်တီးမှသာ ကိုယ့်အတွက် ကောင်းကျိုးလေးတွေ ရောက်လာမှာပါ။ စိတ်ချမ်းသာအောင် နေဖို့ မလွယ်ပေမယ့် နေကြည့်ရင်တော့ ဒီလို ကောင်းကျိုးလေးတွေ ရမှာပါနော်။
(၁) ရုပ်နုမယ်
စိတ်ပျိုလို့ ကိုယ်နုတယ်ဆိုတာကို ကြားဖူးကြမှာပါ။ တစ်ချို့တွေဆို အသက်တွေသာ ကြီးလာတာ ရုပ်ကပြောင်းမသွားတဲ့သူတွေလည်း ရှိပါတယ်။ ဒီအတွက် လျှို့ဝှက်ချက်ကတော့ စိတ်ချမ်းသာအောင် နေခြင်းပဲ ဖြစ်ပါတယ်။ စိတ်လေးတွေ ကြည့်နေတော့ ရုပ်ပါ တဖြည်းဖြည်း ကြည်လာမှာပဲ ဖြစ်ပါတယ်။
(၂) စိတ်ဖိစီးမှု ကင်းဝေးမယ်
စိတ်ချမ်းသာအောင် နေနိုင်လေလေ စိတ်ဖိစီးမှုတွေကနေ ကင်းလွတ်လေလေ ဖြစ်ပါတယ်။ ပထမပိုင်းတော့ စိတ်ချမ်းသာတာက သက်သက် စိတ်ဖိစီးတာက သက်သက် ဖြစ်နေနိုင်ပေမယ့် တဖြည်းဖြည်းနဲ့ စိတ်ချမ်းသာအောင် နေတတ်တဲ့သူက စိတ်ဖိစီးမှုကို ခံစားရတာပါ လျှော့နည်းလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးလို့ ဖြစ်တဲ့ ဆိုးကျိုးတွေကို ရမှာ မဟုတ်တော့ပါဘူး။
(၃) ပိုပြီး စတိုင်ကျလာမယ်
စိတ်ချမ်းသာတဲ့ သူတစ်ယောက်က ကိုယ့်ကိုယ်ကို ပိုပြီး ဂရုစိုက်လာတတ်ပါတယ်။ ကိုယ့်ကိုယ်ကို ကြည့်ကောင်းအောင် ပြင်ဆင်နေထိုင်မှုက ပိုပြီးတော့လည်း စိတ်ချမ်းသာစေပါသေးတယ်။ ဒီလိုနဲ့ အမြဲ တက်ကြွလန်းဆန်းနေတဲ့ အသွင်နဲ့ သင်က အမြဲ စတိုင်ကျနေသူ ဖြစ်နေမှာပါ။
(၄) ပျော်ရွှင်ရတယ်
စိတ်တွေ ဖိစီးနေတာတွေကို လျှော့အောင် ပြုလုပ်ပြီး စိတ်ချမ်းသာအောင် နေတာက တကယ့်ကို ကောင်းသော အချက်ပါပဲ။ စိတ်ဖိစီးမှုတွေ နည်းသွားပြီး စိတ်ချမ်းသာစရာတွေ တွေးဖြစ် လုပ်ဖြစ်လာတဲ့အခါမှာ လူက ပျော်ရွှင်မှုတွေ ခံစားလာရပြီး ကျန်းမာလာမှာ ဖြစ်ပါတယ်။ ပျော်ရွှင်တဲ့သူက စိတ်ညစ်နေတဲ့သူထက် ပိုပြီး ကြည့်ကောင်းနေပါသေးတယ်။
(၅) အလုပ်တွေမှာ ပိုအဆင်ပြေလာမယ်
စိတ်တွေ ကြည်နေရင် အလုပ်တွေက ပိုပြီး လုပ်ရ အဆင်ပြေပါတယ်။ စိတ်ချမ်းသာနေရင်တော့ ပိုပြီးတောင် အလုပ်ပြီးမြောက် အောင်မြင်မှုတွေ ရှိနေမှာပါ။ ဒါက စိတ်ရဲ့ တန်ခိုးပါပဲ။ ဖိစီးမှုတွေ အရမ်းများနေတဲ့ သူတစ်ယောက် အလုပ်ကို အပြည့်အဝ အာရုံစိုက်နိုင်ဖို့ ခဲယဉ်းပါတယ်။ ဒါကြောင့် စိတ်ချမ်းသာတဲ့အချိန်က ပိုပြီး အလုပ်တွေကို အောင်မြင်စေတာ ဖြစ်ပါတယ်။
| |
0 Reviews