တစ်ရာတန် တစ်ရွက်အောက်သို့ ပြုတ်ကျနေသည်။

တစ်ရာတန် တစ်ရွက်အောက်သို့ ပြုတ်ကျနေသည်။

Size
Price:

Read more




😄😄😄😄😄
#တစ်ရာတန်

တစ်ရာတန် တစ်ရွက်အောက်သို့ ပြုတ်ကျနေသည်။
ထိုကျနေသော တစ်ရာတန်ကို သူတို့မြင်လျှင် ဤသို့ ရေးကြပေလိမ့်မည်။
.
#သခင်ကိုယ်တော်မှိုင်း
~~~~~~~~~~~~
တစ်ရာတန်တစ်ရွက်ပြုတ်ကျရှာ
ကျုပ်ဘ၀မှာ မကောက်သေး
စုတ်လှစွာနှောင့်နှေးမယ် မောင့်အတွေး၀ယ်ဆွေး
ကြောက်သွေးရယ်ပြေးပါတယ် မကောက်ပါဒီလောက်လေး။
.
#ရှင်မဟာရဌသာရ
~~~~~~~~~~~
လမ်းပေါ်မှာကျ ၊ တစ်ရာဘ၀မှာ
ဘယ်သူမကောက် ၊ လေလွင့်ပျောက်မည်
မိုးရေလည်းစို ၊ ပျောက်ပျက်အိုသည်
အိုသင်္ခါရ ၊ ထိုဘ၀တည်း။
.
#စေလဦးပုည
~~~~~~~~
လမ်းအကွေ့ လှမ်းတွေ့ပါတဲ့တစ်ရာတန်
ကဗျာသံနှောရင် အညာပြန်ပေါပါတဲ့
စာသံနှောကာဖြင့် ကောက်လိုက်မယ်
တစ်ရာတန်ရော့လာဟဲ့။
.
#ဗန်းမော်ဆရာတော်
~~~~~~~~~~~~
တစ်ရာတန်သတင်းအပေါ်
အတင်းမျှော်စိတ်၀င်စားမယ်ကင်းနော်လိပ်ဖင်ခါးမို့
ငါကိုယ်တော်စိတ်မ၀င်စား။
.
#တာရာမင်းဝေ
~~~~~~~~~
မလိုဘဲမကောက်ပါနဲ့
မလိုဘဲကောက်ရင်
တစ်ရာတန်အတွက်နာတယ်။
.
#နီကိုရဲ
~~~~~
ပိုက်ဆံမရှိသောအချိန်
တစ်ရာတန်ကိုတွေ့လေသည်။
ကောက်ရန် ကုန်းလိုက်စဉ် လေတစ်ချက်အဝေ့မှာ
တစ်ရာတန်လွင့်သွားသည်။ ပတ်၀န်းကျင်ကို
ဂရုမပြုမိ။ တစ်ရာတန်ကိုသာ အာရုံစိုက်နေချိန်
ထိုတစ်ရာတန်မှာ ကောက်မည်လုပ်လိုက်
လေတိုက်လိုက် ကောက်မည်လုပ်လိုက်
လေတိုက်လိုက်နှင့် တစ်ရွေ့ရွေ့
လွင့်မျောလေတော့သည်။ ပတ်၀န်းကျင်က
ဒီလူဘာလဲ ဟုကြည့်သည်။ မောင်ရဲ၀င်းစိတ်မ၀င်စား။
သူစိတ်၀င်စားတာ တစ်ရာတန်။
နောက်ဆုံး၌လေငြိမ်သွားချိန်
ပြန်ကောက်ရန်ပြင်လိုက်ရာ အမျိုးသမီးတစ်ဦး၏ ခြေထောက်ပေါ်ရောက်နေသည်။
ကောက်ကာနီးကုန်းလိုက်ရင်း မော့ကြည့်လိုက်ရာ
မကြည်ပြာဖြစ်နေတော့သည်။ သွားပြီ….။
.
#မင်းသိင်္ခ
~~~~~~
တစ်နေ့သ၌ကျွန်ုပ်သည်
ပျင်းပျင်းရှိ ရေခဲတောင်ဆေးလိပ်ကို
သေသပ်ကျစွာဖွာပြီးသကာလ
လမ်းလျှောက်ထွက်လာတော့သည်။
ထိုအချိန်၌ လမ်းမထက်တွင် တစ်ရာတန်
ခပ်နွမ်းနွမ်းတစ်ရွက်ကျနေသည်။ ထိုတရာတန်အား
မကောက်သေးဘဲ ရှေ့ကကြည့်နေသည်။
ထို့မှတဖန် အားမရသေး ဘေးကထပ်ကြည့်ပြန်သည်။ အားရပါးရကြည့်ရှုပြီးသကာလ ကောက်ယူရန်
ဘိလပ်မင်းသား စတိုင်ဖြင့် ကုန်းလိုက်စဉ်တွင်
တခြားသူကောက်သွားလေသည်
.
#ဒသကျော်စွာ
~~~~~~~~~
တစ်ရာတန်တစ်ရွက်တွင်
ကျိန်စာအပြည့်ရေးထိုးထားလေသည်။ ထိုတစ်ရာတန်ကို ကောက်မိသူမှာ ၁၀ရက်အတွင်း အသေဆိုးဖြင့်သေပေလိမ့်မည်။ သချိုင်းကုန်းတွင် အစီအမံများဖြင့် ပြုလုပ်ထားသော တစ်ရာတန်ကို လွန်ခဲ့သော နှစ်ငါးဆယ်ခန့်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တစ်ရာတန်ကို ကောက်ယူမိပြီးသေဆုံးသူပေါင်း ၁၂၀ခန့်ရှိပြီဖြစ်သည်။ သေဆုံးသူများ၏ ဝိညာန်များလည်း ထိုပိုက်ဆံတွင်ကိန်းအောင်းနေလေသည်။
.
#မင်းမြတ်သူရ
~~~~~~~~
ကိုယ်ခန္ဓာတောင့်တောင့်တင်းတင်း ဖြင့် နီရဲပြီး ပြတ်သားသောနှုတ်ခမ်းအစုံဖြင့် ယောကျာ်းပီသလှစွာသောနီးသွေးသည် ရှမ်ဗဲလားတွင် သစ်ခွနက်ရှာရန်ထွက်လာခိုက် လွန်စွာအိုမင်းလှပြီဖြစ်သော အဖိုးအိုကြီးတစ်ဦးနှင့် ကိုယ်ခန္ဓာတောင့်တင်းပြီး ဖြူဖွေးချောမောလှသည့် မိန်းမပျိုတစ်ဦးတို့သည် ရှမ်ဗဲလားသို့သွားရာလမ်းတွင် တစ်ရာတန်တစ်ရွက်ကို ကောက်ရန်ပြင်နေသည်။ အမှန်စစ်စစ်မှာ ထိုတစ်ရာတန်တွင် သစ်ခွနက်ရှိမည့်နေရာသို့ သွားရန် မြေပုံရေးထားခြင်းလည်းဖြစ်သည်။
.
#လွန်းထားထား
~~~~~~~~~
အခြေနေမဲ့ပြီး ရန်ကုန်သို့ မယောင်မလည် ရောက်လာသော ကောင်လေးတစ်ယောက်။ သူက မိမရှိဖမရှိ တစ်ကောင်ကြွက်။ အလုပ်လုပ်ရင်း လက်ဖက်ရည်ဆိုင်တွင် စားပွဲထိုးနေရပြီး တစ်နေ့လျှင် ၁၀၀၀ခန့်သာရလေသည်။ အလုပ်ပါးခိုက် လက်ဖက်ရည်ပါဆယ် သွားပို့စဉ် လမ်း၌ တစ်ရာတန်တစ်ရွက်ကို မြင်၍ ကောက်ရန် ပြင်ရာ နောက်ဆုံးပေါ်ဇိမ်ခံကားပေါ်မှာ ဆေးကျောင်းတက်နေသော ရွှေတောင်ကြားတွင် နေပြီး လွန်စွာစမတ်ကျသည့် အမျိုးသမီးတစ်ဦးက ရေဗွက်ကို ကားဖြတ်ဖြတ်မောင်းရာ သူ့ကိုဗွက်များစင်သွားသော်လည်း ကားကိုမရပ်ဘဲ ထွက်သွားလေသည်။ ကားနံပါတ်ကို သူ့စိတ်ထဲတွင် အလွတ်ကျက်လိုက်မိသည်။ AA-786969 ။
.
#လင်းသိုက်ညွှန့်
~~~~~~~~~~
ကျတော်တို့ တစ်ရာတန်ဟိုမှာတွေ့တယ်။ မကောက်ရဘူး။ လူငယ်တွေဆိုတာ အမြင့်ကိုတက်လှမ်းမှာဖြစ်တယ်။ ရည်ရွယ်ချက်ကောင်းကောင်းထားရမယ်။ အချောင်မခိုရဘူး။ နည်းပညာမြင့်လာတဲ့ ခေတ်မှာ အင်္ဂလိပ်စာ ကောင်းကောင်းတတ်ဖို့လိုတယ်။ ဒါကြောင့် မိမိ လုပ်အားခနဲ့ရတာကိုယူမှ ကြီးပွားတိုးတက်ပြီး ထိပ်ဆုံးရောက်နိုင်မယ်။
.
#ဂျူး
~~~~
ကျမတို့မိန်းမသားတွေရဲ့ ရဲရင့်တည်ကြည်မှုက အောက်သို့ကျလျက်ရှိသော တစ်ရာတန်ကိုပင်အမှုမထားချေ။ အဘယ့်ကြောင့်ဆိုသော် ထိုတစ်ရာတန်မှာ ကျမတို့ရပ်တည်မှုနှင့် ကိုယ်ကျင့်သိက္ခာတရားကို ခြိမ်းခြောက်မည့် ငွေစက္ကူတစ်ရွက်လည်း ဖြစ်နိုင်သေးသည်။
.
#အကြည်တော်
~~~~~~~~~
ရည်းစားဟောင်းဆိုတာ အောက်မှာကျနေတဲ့ တစ်ရာတန်တစ်ရွက်လိုပဲ တန်ဖိုးမရှိပေမယ့် တစ်ခါတစ်လေ ကောက်ချင်မိတဲ့စိတ်တော့ဖြစ်နေသား။
.
#လွှမ်းပိုင်
~~~~~~
မိုးတွေရေတွေထဲ တစ်ရာတန် အာခံ ငါ့ကိုလာကြံ ကာပြန် ပမာထန် မကောက်တော့ဘူး ဘေးက ဘာအသံညာအသံ လာပြန်ပြောမှာဆိုးလို့ ကိုယ့်အထာနဲ့ကိုယ်ငါပြန်မယ် မကျေနပ်ဖေ့ဘုတ်ပေါ်စာချန် မင်းနေတဲ့ရွာပြန်။
.
#ဘန်နီဖြိုး
~~~~~~
အိုးဝူးဝို ရေးရေ့ ရေးရေ့ တစ်ရာတန် အိုးအိုး ဝူးဝူး ရေ့ရေ့ ရေးရေးရေ့ တစ်ရာတန် ရေးရေးရေ့ တွေ့တယ် ဝိုးဝူးဝို အွန်းဟာ ဟာ ရေ့ တစ်ရာတန် တွေ့တယ် ဝိုးဝူးဝို့ဝို့ ရေးအေးဟေးဟေး ဟားဟားရေး ဝေးဟေးဟေး
.
#ချစ်ဦးညို
~~~~~~
လမ်းမှာတစ်ရာတန်တစ်ရွက်တွေ့တယ်။ ပိုက်ဆံကိုကြည့်လိုက်ခြင်းအားဖြင့် ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ကျော် ဟိုဘ၀တုန်းက ရည်းစားဟောင်းတစ်ယောက်ရဲ့ ပိုက်ဆံဖြစ်နိုင်ဖွယ်ရာရှိတယ်။ စာတွေလည်းပါတယ်။ ကျိန်စာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။
.
#အရက်သမား
~~~~~~~~~
ဟိုက်…. တစ်ရာတန်တစ်ရွက်ဟ.. ဒီတစ်ရာနဲ့ဆို ဇေ တစ်ပတ်လောက်သောက်လိုက်ရ သိပ်ကောင်းမှာပဲ .. လာလေရော့ ..
.
#ဆေးသမား
~~~~~~~~
ဟာ… တစ်ရာတန်တစ်ရွက် ဟီးဟီးဟီးဟီးဟီးဟီး တစ်ရာတန်ကြီး ဟားဟားဟားဟားဟားဟားဟား တစ်ရာတန်ကြီးကွာ ဟီးးဟီးးဟီးးဟီးးး လမ်းပေါ်ရောက်နေတယ် ငိငိငိငိ သူ့ဖာသာသူနေတဲ့ တစ်ရာတန်က လမ်းပေါ်ရောက်လာတယ် ဟေးဟေးဟေး ဟားဟားဟား အသေရီရတယ်ဟေ့ တစ်ရာတန်ကြီးလမ်းပေါ်ရောက်နေသဟ ဟားဟားဟားဟား
.
#အမူးသမား
~~~~~~~~
ဒီတစ်ရာတန်က ငါ့ကိုသွေးတိုးလာစမ်းနေတာဟ။ဂေ့ .. အမယ် မင်းပဲငါ့ကို ဆွဲဆောင်မလား ငါပဲ သိက္ခာအကျခံပြီးကောက်မလား ဒီတညလုံးမင်းနဲ့ ငါပြိုင်မယ်။ တွေ့ပြီလေ။
.
#သာမန်likeတောင်းစားသူများ
~~~~~~~~~~~~~~~~~
လမ်းမှာတစ်ရာတန်တစ်ရွက်တွေ့လို့ ပိုင်ရှင်ကို ရှာပြီးပြန်ပေးခဲ့တယ်။ သာဓုခေါ်ပေးကြပါရှန်။
.
#ဦးဇော်ကြီး
~~~~~~~
လမ်းတွင်ပိုက်ဆံများပြုတ်ကျနေ ဟု အစချီကာ မူဗီတင်လိုက်ပြီး ပြုတ်ကျနေသော တစ်ရာတန်တစ်ရွက်ကို အဆုံးသတ်ရိုက်ပြပေလိမ့်မည်။
.
#G-fatt
~~~~~~
ငါ့ဘ၀က တစ်ရာတန်တစ်ရွက်လိုကာ တန်ဖိုးမဲ့တာတောင် ငါ့ကိုအမြဲရန်ရှာတတ်သလိုများ ဖြစ်နေရင် ကံကြမ္မာရဟတ်ပြန်လည်လာမှ မင်း… ဖန်တစ်ရာအတွက်တွေး…. တကယ်တော့ကျတော်တို့က ကြင်ဖက်တွေပါဗျာ သူမကမနေနိုင် လင်ထွက်ကာရှာ ငါကို မမြင်တတ်တာများ ခုတော့ နင်တာ့တာပြ …။
.
#သစ္စာနီ
~~~~~~
နန်းကျဘုရင်ရဲ့ အထီးကျန်မှုဟာ
လမ်းမထက်မှာ ကိန်းအောင်းနေစဉ်
ငါ၏လက်အစုံဖြင့် ထွေးပွေ့ခြင်းက
ရန်ခုန်သံကို ထပ်တူကျစေ။
.
#Troller
~~~~~~~
တစ်ရာတန်တစ်ရွက် ကောက်လည်းကောက်ချင်တယ် သူများမြင်ပြီးရီမှာလည်းကြောက်တယ်
ဆက်ပြောစမ်းပါဦး တစ်ရာတန်တစ်ရွက်က ဘက်စ်ကားစီးရင် အသုံး၀င်တဲ့အကြောင်းလေး
ကျတော့်မှာ အိပ်မက်တစ်ခုရှိတယ် တစ်ရာတွေအများကြီး ကောက်တွေ့စေရမယ်။
.
#မျိုးချစ်မဟုတ်သောမျိုးချစ်များ
~~~~~~~~~~~~~~~~~
တစ်ရာတန်ကိုတောင် လွှင့်ပစ်ခဲ့တဲ့ မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှုဟာ အတော်ပျောက်ဆုံးနေပြီ။ ဒီလိုတစ်ရာတန်ဟာ အရင်တုန်းက ဘယ်သူမှ ပစ်မချခဲ့ဘူး။ ဒါမျိုးပစ်ချတယ်ဆိုတာ ဒီမိုကရေစီအမည်ခံပြီး လုပ်ချင်တာ လုပ်တယ်ဆိုတဲ့ သဘောပဲ။ ဒါမျိုးလက်ခံလို့မရဘူး။
ငါတို့အရိုးစည်းရိုးထိုး Blah Blah
.
#IG_User
~~~~~~~~
#တစ်ရာတန် #တစ်ရွက် #လမ်း #ကောက်ရ #ပျော်နေ #မုန့်ဝယ် #စား #ကောင်း #တစ်ယောက်တည်း
.
#ပေါ်ပင်သမားများ
~~~~~~~~~~
အေသွေးသမားများ ပိုက်ဆံကောက်ရနိုင်
ဘီသွေးသမားများ မကောက်ကျ
အိုသွေးသမားများ မမြင်ကြ
အေဘီသွေးသမားများ အငမ်းမရကောက်
.
#မန့်တောင်းကြသူများ
~~~~~~~~~~~~~
စမီးတစ်ရာတန်တရွက်ကောက်ရလို့ နောက်တခါ တစ်သောင်းတန်ကောက်ရပါစေလို့ ဆုတောင်းပေးသွား မတောင်းပေးရင် unမှာနော် realလေးတွေဆိုမန့်ကြ။ မွမွ
.
#Shareရှယ်တောင်းစားသူများ
~~~~~~~~~~~~~~~~~~
ဒီတစ်ရာတန်ကို ရှယ်ပြီး လိုချင်သောပမာဏရေးပါ။ တစ်လအတွင်းဝင်မည် ။ မှတ်ချက် သိန်းတစ်ရာမကျော်ရ။
.
#ဒီမိုး (#ဒီလေ)များ
~~~~~~~~~~~~
တကယ်တော့ ၁ နှစ်ရှိပြီး ဘာမှ မတိုးတက်တာလဲ မဟြေနဲ့လေ .ကြည့်ပါလား . အခုလို ၁၀၀ တန်ကျတာတောင် ဘယ်သူမှမကောက်ကြဘူး .ဒါဟာလဲ အရင်အစိုးရမကောင်းခဲ့လို့ ကျတာပဲ. ဒါမဲ့ ကျွန်တော်တို့အနေနဲ့ ၃ လအတွင်း ရအောင်ကောက်ပြပါမယ် . ဒီထက်မြန်မြန်ကောက်ပြနိုင်မယ့် လူရှိရင် သူတို့ကိုကောက်ခွင့်ပေးသွားမှာပါ .
.
#မြန်မာပြည်သိန်းတန်
~~~~~~~~~~~~
အူးအမြင်အရ ပြောရမည်ဆိုရင်
တစ်ရာတန်တစ်ရွက်မှ ရာပေါင်းများစွာ စုလိုက်တဲ့အခါ
ရာပေါင်းများစွာမှ သိန်းပေါင်းများစွာ ဖြစ်လာနိုင်ပါတယ်...😝😝😝

#credit🔹Nyi Thu Ta


0 Reviews

Contact Form

Name

Email *

Message *